နေပြည်တော်အတွင်း စိုက်ပျိုးသီးနှံများ အထွက်တိုးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ SME နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ  ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ဧကတိုးချဲ့ခြင်းအစား ရှိပြီးသားစိုက်ပျိုးမြေများတွင် တစ်ဧကအထွက်တိုးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ SMEနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော် ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နေပြည်တော်အတွင်း စိုက်ဧကတိုးချဲ့ခြင်း အစား ရှိပြီးသားစိုက်ပျိုးမြေများတွင် စိုက်ပျိုးသီးနှံများအထွက်တိုးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ SMEနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က တင်ပြချက်များ နှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)