ကျောက်ဆည်မြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲများကျင်းပ
Oct 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီက ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာ စကားဝေါဟာရကြွယ်ဝရေးနှင့် စကားပြောကြားရာတွင်ကျွမ်းကျင်မှု စွမ်းရည်များ မြင့်မားရေး၊ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များမြှင့်တင်ရန်၊ ပြဿနာများ ဖြေရှင်းခြင်းနည်းလမ်းများကို ရှာဖွေဖန်တီးနိုင်ရန်အတွက် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။