ချမ်းမြသာစည်မြို့နယ်တွင် မဲစာရင်းကျန်ရှိမှု မရှိစေရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ
Dec 03,2025
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်း ကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မဲစာရင်းမကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်များအလိုက် ဆက်လက်ဆောင်ရွက်ခဲ့သည်။