ပိုင်ကျုံမြို့ သောင့်တော်‌ကျေးရွာတွင် ကိုယ်ထူကိုယ်ထ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်လျက်ရှိ

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ခွီးကျေးရွာအုပ်စု၊ သောင့်တော်ကျေးရွာတွင် မိုးရာသီကာလအတွင်း ကျေးရွာနေပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရေးအတွက် ကျေးရွာနေ ပြည်သူများစုပေါင်း၍ ကိုယ်ထူကိုယ်ထ သံကူကွန်ကရစ်တံတားတစ်စင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါတံတားသည် အရှည် ၄၈ပေ၊ အကျယ် ၁၂ပေရှိပြီး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း(၁၀၀)ခန့်ရှိ ကြောင်း၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထိ (၈၀)ရာခိုင် နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

ယင်းတံတားတည်‌ဆောက်ခြင်းလုပ်ငန်း ပြီးစီးပါက ကျေးရွာအတွင်းရှိ ပြည်သူများအနေဖြင့် သွားရေးလာရေးတွင် ယခင်ကထက် ပိုမိုအဆင်‌ပြေ လာမည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စအရပ်ရပ်များ ဆောင်ရွက်ရာတွင် ဥတုသုံးပါးစလုံး အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

စောဂျိုးဇက်ဂျူး