ညောင်ဦး နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပခြင်းများကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်မှ စတင်ကာ ကျင်းပခဲ့ကြောင်း သိရသည်။
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ ပြုလုပ်သည့် အခမ်းအနားတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) ကျောင်းသား/သူများက စကားပုံဆက်ပြိုင်ပွဲ၊ ပူပေါင်းသယ်ပြိုင်ပွဲ၊ ပိန်ပေါင်လုံးပစ်ပြိုင်ပွဲ၊ တောင်းရွက်ပြိုင်ပွဲနှင့် အမျိုးသားနေ့ တို့မမေ့ကဗျာ ပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရပြီး ကျောင်းသား/ကျောင်းသူများအား အမှတ်တရ ဘောပင်၊ ဗလာစာအုပ်၊ ပေတံ၊ ခဲတံများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အအေး၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ