ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ဒဂုံမြောက် နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အရန်မီးသတ် လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပင်လုံလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်သူက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင်  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ စာတွေ့လက်တွေ့ သင်ယူတတ်မြောက်ထားသော သင်ခန်းစာများအား အများပြည်သူ အကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးကြရန်၊ ယနေ့သင်တန်းကို အောင်မြင်စွာပြီးဆုံးသည်အထိ တက်ရောက်ပေးခဲ့သည့်အတွက်လည်း များစွာဂုဏ်ယူမိပါကြောင်း သင်တန်းမှ သင်ကြားမှုများအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားရန်နှင့် ရပ်ရွာလူထု၏ အကျိုးကို ကူညီသယ်ပိုး ဆောင်ရွက်သွားကြပြီး ရပ်ရွာမှ ယုံကြည်လေးစားအားကိုးရသူများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားပြီး ဆုရသင်တန်းသားများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်းနိုင် မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးတင်ထွန်းအောင်နှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက် ခဲ့ပြီး အဆိုပါ သင်တန်းအား သင်တန်းနည်းပြ(၅)ဦး၊ သင်တန်းသား (၅၀)ဦးဖြင့် နိုဝင်ဘာ ၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဖွင့်လှစ်သင်ကြား‌ပေးခဲ့ခြင်း ဖြစ်သည်။

မြင့်မြင်ရီ(ဒဂုံမြောက်)