ရပ်စောက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ စာဖတ်ဝိုင်းပြုလုပ်

ရပ်စောက်   နိုဝင်ဘာ  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီး ဖတ်ရှုတတ်လာစေရန်၊ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီးနောက် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်ဒေါ်ကြည်ဌေးက ကိုရီးယားဝတ္ထုကို စာရေးဆရာမ ခင်စုစုစံနှင့် မြနှင်းရည်ရှိန်တို့ မြန်မာဘာသာပြန်ဆိုထားသည့် “နှလုံးသားဖြင့်နားဆင်ပါ” စာအုပ်ပါအကြောင်း အရာများထဲမှ စိတ်ဝိညာဉ်၏အကြားအာရုံ၊ ချီအက်တောင်မှရတနာ၊ နှလုံးသားမှပွင့်အန်လာသောစကားသံ၊ အတွေးများ၏ ပြောင်းလဲမှု၊ စစ်မှန်သောနားလည်မှုဟူသည် စသည့်စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေနွေးခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ ဒေါ်ကြည်ဌေးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား/ ကျောင်းသူများစုစုပေါင်း(၂၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

(မြို့နယ်ပြန်/ဆက်)