သတင်းများ

မင်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး
Dec 11,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပေါက်တောမြို့နယ် အခြေခံပညာကျောင်းများ၌ မြို့နယ်ကြက်ခြေနီအဖွဲ့မှ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Dec 11,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အ.ထ.က(မြို့မ)ကျောင်းနှင့် အ.လ.က-ဒါးကိုင်ကျောင်းများ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာ၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာ အုပ်စုနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို​ ယမန်နေ့နံနက် ၁၀ နာရီအချိန်က၊ ကျုံကဒွန်းကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
Dec 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ ဒီဇင်ဘာ ၁၀ ရက်နေ့လယ် ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်း အဆင့် Grade 5 (မြို့နယ်အဆင့်)စာ‌မေးပွဲ‌ မေးခွန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 11,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ပဉ္စမတန်း Grade 5 (မြို့နယ်အဆင့်) စာမေးပွဲမေးခွန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံဖူးစားပြောင်း လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး
Dec 11,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲ ဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ဆောင်းသီးနှံဖူးစားပြောင်း စိုက်ပျိုးရေးကို သတ်မှတ် လျာထားဧကကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပခုက္ကူတက္ကသိုလ်၌ ဒီဇင်ဘာအားကစားကာလလူထုလမ်းလျှောက်ပွဲ (ဒုတိယနေ့) ကျင်းပ
Dec 10,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်သူများ စုပေါင်း၍ ကျန်းမာကြံ့ခိုင် ရေးနှင့် စိတ်လက်အပန်းဖြေစေရန် ရည်ရွယ်ကာ ဒီဇင်ဘာအားကစားကာလ လူထုလမ်းလျှောက်ပွဲ(ဒုတိယနေ့) အဖြစ် ယနေ့ နံနက် ၆ နာရီအချိန်က ကျင်းပကြသည်။
တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 10,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်း လာစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့ နံနက် (၅)နာရီခွဲအချိန်က ၂၀၂၂ခုနှစ် ဒီဇင်ဘာ အားကစားလ (ဒုတိယပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ သည်။