တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

တာမွေ  ဒီဇင်ဘာ ၁၀

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်း လာစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့ နံနက် (၅)နာရီခွဲအချိန်က ၂၀၂ခုနှစ် ဒီဇင်ဘာ အားကစားလ (ဒုတိယပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ လူထုအားကစားလ (ဒုတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲတွင် တာမွေမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ မြို့နယ် ကြက်ခြေနီ အသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ၊ အားကစား ဝါသနာပါသူ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများက တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းမကြီးတစ်လျှောက်မှ အရှေ့မြင်းပြိုင် ကွင်းလမ်း၊ ထိုမှတစ်ဆင့် သမိန်ဗရမ်းလမ်းတစ်လျှောက် ပျော်ပျော်ပါးပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး သွေးပူလေ့ကျင့်ခန်းများကို တပျော်တပါး ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(တာမွေ)