သတင်းများ

သရက်မြို့၌ အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံနိုင်ရေး အသိပေးဆွေးနွေးပွဲအခမ်းအနားကျင်းပ
May 31,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံနိုင်ရေး အသိပေးဆွေးနွေးပွဲ  ကျင်းပခဲ့သည်။
မိုင်းနောင်မြို့ နားကန်းကျေးရွာအုပ်စုတွင် အမျိုးသမီးအခွင့်အရေးများမြှင့်တင်ခြင်း ဆွေးနွေးပွဲပြုလုပ်
May 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ နားကန်းကျေးရွာအုပ်စုအတွင်းရှိ အမျိုးသမီးများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးအသိပညာများရရှိစေရန် ရည်ရွယ်၍ အမျိုးသမီးအခွင့်အရေးများမြှင့်တင်ခြင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ အသက်(၁၂)နှစ်မှ (၁၅)နှစ်အထိ ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 31,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်မှ(၁၅)နှစ်အထိ ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
သနပ်ပင်မြို့နယ်၌ (၂/၂၀၂၂) အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် (၂/၂၀၂၂) ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ကျင်းပသည်။
မြောင်မြို့တွင် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံပေး
May 31,2022
စစ်ကိုင်းတိုင်းဒေကြီး၊ မြောင်မြို့၌ (၂၀၂၂/၂၀၂၃) ပညာသင်နှစ်အတွက် မြို့နယ်ပညာရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ကျောင်းအပ်လက်ခြင်းများကို လက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံ​ရေး​နေ့ အခမ်းအနား ကျင်းပ
May 31,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ​ကျောင်းအပ်နှံ​ရေး​နေ့ အခမ်းအနားကို ရန်ကုန်တိုင်း​ဒေသကြီး ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အ.ထ.က(၁) ပန်းဘဲတန်း၊ ဧကရီခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေး​ အဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်စွာရဲမှ အဖွင့်အမှာစကား​ပြောကြားပြီး မြို့နယ်ပညာ​ရေးမှူး ဦးလှနီက ကျောင်း​နေအရွယ်က​လေးများ ကျောင်း​နေ​ရေးလုပ်ငန်း အစီအစဉ်နှင့် ပတ်သက်၍​ ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေများကို ရှင်းလင်း​ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ကျန်းမာ​ရေးဦးစီးဌာနမှူး ​ဒေါက်တာ​ စောဟိန်းကိုကိုစိုးမှ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ ကျန်းမာ​ရေးအသိပညာ​ပေး​ ဟော​ပြောခဲ့သည်။
မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
May 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီ တောင်နီကျေးရွာအုပ်စုဖြစ်သော ကုန်းသာကျေးရွာ၊ ကုမ္မီကျေးရွာနှင့်ဦးပန်းကျေးရွာရှိ ပြည်သူများကို မိုင်းလုံမြို့ရှေ့တန်းရုံးမှ လဝကဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
မြောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု (၂၀၂၂/၂၀၂၃)ပညာသင်နှစ်အတွက် ကျောင်းဝတ်စုံနှင့် စာအုပ်များထောက်ပံ့
May 31,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းမိသားစု (၂၀၂၂/၂၀၂၃)ပညာသင်နှစ်အတွက် စရိတ်များထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက  ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။