သတင်းများ

သာစည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 02,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နိုင်ငံတဝင်း၌ ဇွန် ၁ ရက်က စတင်ဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းတက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲနှင့် Biometric Data ကောက်ယူဆောင်ရွက်ပေးခြင်းများဆောင်ရွက်
Jun 02,2026
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် Biometric Data ကောက်ယူဆောင်ရွက်ပေးခြင်းများကို ယနေ့က ဆောင်ရွက်ပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်တာဝန်ရှိသူများ ဟင်္သာတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဇွန်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စု ဖောင်ဆိပ်ကျေးရွာသို့ရောက်ရှိကာ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုမှကာကွယ်ရန် မြစ်ကမ်းထိမ်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။
တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးဆွေးနွေးပွဲကျင်းပ
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် ချောင်းခွစိုက်ပျိုးရေးရှေးတန်းစခန်း၌ ကျင်းပကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ
Jun 02,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား တာ၀န်ရှိသူများက ကြည့်ရှုအားပေး
Jun 02,2026
တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ၊ ဇွန်လ ၁ ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း စာသင်ကျောင်းအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား တာ၀န်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ အမှတ် ၁၂ ရပ်ကွက်မှ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Jun 02,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ၁၂ ရပ်ကွက်မှ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။