သတင်းများ

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ အမှတ် ၁၂ ရပ်ကွက်မှ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Jun 02,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ၁၂ ရပ်ကွက်မှ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီး သမဝါယမအသင်းစုပိုင် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ခခူးရက်ကန်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး
Jun 02,2026
ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ်သမဝါယမဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဇွန် ၁ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်းရှိ သမဝါယမအသင်းစုပိုင် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ခခူး ရက်ကန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
သန်လျင်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများ၌ အဘိတ်ဆေးခပ်ခြင်းဆောင်ရွက်
Jun 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အုတ်ဖိုစုမူလွန်ကျောင်း၊ ကုန်တန်းမူလွန်ကျောင်း ထန်းနှစ်ပင်မူလွန်ကျောင်းနှင့် ရေနံမူလွန်ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။
ချမ်းမြသာစည်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနခွဲရုံး၌ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများ ရရှိရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းနွယ် ဦးဆောင်၍ ရက် ၁၀၀ ကာလအတွင်း ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ထွန်တုံးရပ်ကွက်ကျေးလက်ကျန်းမာရေး ဌာနခွဲရုံးတွင် ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စုပေါင်းအမှိုက်ကောက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 02,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက် ‌ရှင်ထွေးညိုမင်္ဂလာကန်‌တော်ပတ်ဝန်းကျင်၌ ဆောင်ရွက်ခဲ့သည်။
ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ပေးလျက်ရှိ
Jun 02,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ၂၀၂၆ ခုနှစ်၊ ယနေ့ နံနက်(၇) နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမ‌ေ(၂နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။