ကယားပြည်နယ်

တတိယအကြိမ်ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်လွှတ်တော်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာအထက်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် သိပ္ပံဆောင်နှင့် စာကြည့်တိုက်တည်ဆောက်နေမှုများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

လွိုင်ကော်မြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း 

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးသည် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၈ ရက်နံနက်ပိုင်းက လွိုင်ကော်မြို့ ရှမ်းစုရပ်ကွက်ရှိ ရွှေကျောင်းပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ဒီးမော့ဆိုမြို့နယ်ထေရဝါရဗုဒ္ဓသာသနာပြုကျောင်းဆရာတော်အား ဖူးမြော်ကြည်ညိုသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများကို ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်တရားရုံးအသစ် ဆောင်ရွက်နေမှု၊ အမှတ် (၄) လမ်း ကျောက်စီရေနုတ်မြောင်းနှင့် ပလက်ဖောင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ အခြေခံပညာအထက်တန်းကျောင်းများ၌ စာကြည့်တိုက်အသစ် ဆောက်လုပ်နေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားနှင့် ပညာရေးဒီဂရီကောလိပ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၆ ခုနှစ်၊ (၇၉)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ ကန္ဒရဝတီ ဂေါက်ကွင်း၌ ကျင်းပရာ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ကန္ဒရဝတီ ဂေါက်ကလပ် နာယကတို့က Smoke ball ကို ရိုက်ပြီး ဖွင့်လှစ်ရာ ပြိုင်ပွဲဝင်ကစားသမား (၆၈)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ သင်ကြားပို့ချနေမှုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေး စခန်းသွင်းလေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အခြေခံစာတတ်မြောက်ရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ၌ တိုင်းရင်းသားပြည်သူများ စာသင်ကြားနေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ကယားပြည်နယ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း

ကယားပြည်နယ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ကယားပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် ဌာနဆိုင်ရာများတက်ရောက်ကြသည်။

ကယားပြည်နယ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တပို့တွဲလ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ဒေသကွပ်ကဲရေးမှူးနှင့် ဇနီး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသနေတိုင်းရင်းသားပြည်သူများနှင့်အတူ တက်ရောက်ဆင်နွှဲခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၌  သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
Subscribe to ကယားပြည်နယ်