လွိုင်ကော်မြို့၌ အခြေခံဂီတာတီးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

လွိုင်ကော် ဧပြီ ၂၄

နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့်မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ အခြေခံဂီတာတီးနည်း (Level-1/2) သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ပေးလျက်ရှိပါသည်။

အဆိုပါသင်တန်းကို လွိုင်ကော်မြို့၊ ခရစ်တော်ကိုယ်ခန္ဓာအသင်းတော်မှ ဓမ္မဆရာ ကိုကျော်စိန်က စာတွေ့လက်တွေ့သင်ကြားလျက်ရှိရာ ဝါသနာရှင်လူငယ် (၂၅) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကို ဧပြီလ ၂၁ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ (၂) ပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ မတ်လအတွင်း၌လည်း အခြေခံဂီတာတီးနည်း (Level-1/2) သင်တန်းကို ပထမအကြိမ်အဖြစ် သင်တန်းသား (၆၁) ဦးကို သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဝါသနာရှင်လူငယ်များ၏ တောင်းဆိုမှုအရ ယခုသင်တန်းအား ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

နုယဉ်မိုး (ပြန်/ဆက်)