ရှားတော သြဂုတ် ၁၂
ကယားပြည်နယ်၊ ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စု နားအွမ်ကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ် ရေးကတ်မရှိ သေးသော မဲဆန္ဒရှင်ပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ် ရရှိစေရေးအတွက် ရှားတော မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနနှင့် NRC အဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ ၁၁ ရက်နေ့က ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေ ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ရှားတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ လဝကမှူး ဦးစောအစ်ပစင်ကဲ ဦးဆောင်သော လဝကဝန်ထမ်းများ၊ NRC အဖွဲ့မှ ဝန်ထမ်းများက နားအွမ်ကျေးရွာအတွင်းရှိ အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသော ပြည်သူ (၁၅)ဦးကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ရှားတော)