ရှားတောမြို့နယ် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှားတော  သြဂုတ် ၁၅

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီခွဲ အချိန်က စုပေါင်းရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဦတီရယ် က အဖွင့်အမှာ စကားပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်က ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ကယားပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် တို့က တတိယအကြိမ် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား  အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀ဝ)နှုန်းဖြင့် အိမ်ထောင်စု (၂၇၈)စုအတွက် ထောက်ပံ့ငွေကျပ်(၅၅၆၀၀၀၀)ကို  COVID-19 ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)