ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားနေ့ချင်းပြီး ဆောင်ရွက်ပေး

ဘောလခဲ  သြဂုတ်   ၁၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် NRC အဖွဲ့တို့ ပူးပေါင်း၍ ဘောလခဲမြို့နယ်၊ချိကွဲ့ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် (၁၃-၈-၂၀၂၀) ရက်နေ့မှ စတင်၍နိုင်ငံသား စိစစ်ရေးကတ်ပြား များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ(၁၄-၈-၂၀၂၀)ရက်နေ့ မွန်းလွှဲပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးရခြင်းနှင့်စပ်လျဉ်း၍ ကျေးရွာသူ/သားများအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးအရာရှိ ဦးခင်မောင်သန်းက ရှင်းလင်းပြောကြားပေး ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အသက်(၁၀)နှစ်ပြည့် ကျား+မ  (၁၉)ဦး အသက်(၁၈) နှစ်ပြည့် ကျား+မ (၆၀)ဦး စုစုပေါင်း (၇၉)ဦးအားကတ်ပြားများပေးအပ်ခြင်း၊ အိမ်ထောင်စုခွဲများ၊ ဟောင်းနွမ်း အိမ်ထောင်စု စာရင်းအသစ်လဲလှယ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီးဆောင်ရွက်ပေးရာသို့ ဘောလခဲမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးအေးမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၊ ဘောလခဲ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းနှင့်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူးတို့ တက်ရောက်ခဲ့ပြီး ကွင်းဆင်းဆောင်ရွက်ရာတွင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်သန်းနှင့် ဝန်ထမ်းများ၊ NRCမှ တာဝန်ခံ ဒေါ်ရို့စ်လင်းနှင့်ဝန်ထမ်းတို့မှ ကျေးလက်ဒေသနေပြည်သူများအား ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

လှရွှေ