လွိုင်ကော်မြို့တွင် ဟိုတယ်/တည်းခိုရိပ်သာနှင့် တည်းခိုခန်းများရှိ ဝန်ထမ်းများအတွက် ရှေးဦးသူနာပြုစုနည်း (အခြေခံ) သင်တန်းဖွင့်လှစ်
ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦး သူနာပြုစုနည်း (အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်က ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပရာ ကြက်ခြေနီအသင်းမှ သင်တန်းနည်းပြ များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။