လွိုင်ကော်မြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေး

လွိုင်ကော် ဇွန် ၅

ကယားပြည်နယ် လွိုင်ကော်မြို့၌ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြား မရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်က အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၏ သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အတူ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID တစ်ပါတည်း ဆောင်ရွက်ပေးလျက်ရှိပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်ပြားနှင့် UID များကို ကာယကံရှင် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)