ဘောလခဲမြို့၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် Test List စစ်ဆေးခြင်းများ ဆောင်ရွက်

ဘောလခဲ   ဇွန်   ၁၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ကယားပိုင်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်  သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် Test List စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကယားပိုင်း ရပ်ကွက်အတွင်းရှိ ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် Test List စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်မောင်မောင်ဦးနှင့် ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နေပြည်သူများ တက်ရောက်ခဲ့ကြပြီး ထိုသို့စစ်ဆေးခဲ့ရာတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ ပိုးတွေ့ရှိလူနာ မရှိပါကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)