ကယားပြည်နယ်

ကယားပြည်နယ်ဝန်ကြီးချုပ် အစိုးရသိပ္ပံကျောင်းများနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း ၂၀၂၅−၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်)၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)နှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ပြီးစီးမှုအခြေအနေများနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်ရန်ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့သည် အဆင့်မြင့်ပညာ၊ အခြေခံပညာကျောင်းများနှင့် သိပ္ပံကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်းခွဲ(နမ့်ကွတ်)၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် လွိုင်ကော်မြို့ ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်၌ ဆွမ်းဆန်တော်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် လွိုင်ကော်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်၊ အလှူရှင် ပြည်သူများက စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲ တက်ရောက်ချီးမြှင့်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (လွိုင်ကော်)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က အဆိုပါကျောင်း သင်တန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်မှုနှင့် သီရိမင်္ဂလာဈေး သစ်ဖွင့်လှစ်ရောင်းချနေမှုတို့အား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ အ.မ.က(ဓမ္မာရုံ)ကျောင်းနှင့် အ.ထ.က(၁) ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေမှုနှင့် သီရိမင်္ဂလာဈေးသစ်တွင် စည်ကားစွာရောင်းဝယ် ဖောက်ကားနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်တွင် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲ ကျင်းပ

ကယားပြည်နယ် ဥပဒေချုပ်ရုံးနှင့် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနှင့် သူနာပြုများနေ့အခမ်းအနား လွိုင်ကော်၌ ကျင်းပ

အပြည်ပြည်ဆိုင်ရာသာဖွားဆရာမများနှင့် သူနာပြုများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လွိုင်ကော်မြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးအစည်းအဝေးခမ်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်း က “ယနေ့အခမ်းအနားကို ပြည်သူများ၏ကျန်းမာရေးအဆင့်မြင့်တင်ခြင်းအပိုင်းတွင် သူနာပြုနှင့်သာဖွားများ၏အခန်းကဏ္ဏ အဓိကကျနေမှုကို ပြည်သူများသိရှိလက်ခံယုံကြည်ပြီး မိမိတို့နှင့်အတူလက်တွဲပူးပေါင်းပါဝင်လာ‌ စေရန်ဖြစ်ကြောင်း ပြည်နယ်အစိုးရအနေဖြင့်လည်း ကျန်းမာရေးကဏ္ဏအတွက်လိုအပ်သည်များကို အစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေကြောင်း သူနာပြုနေ့သားဖွားဆရာ/ဆရာမများကလည်း ကျန်းမာရေးအဆင့်ပိုမိုမြင့်မားလာစေရန် မိတ်ဖက်လူမှုအဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်ရင်းနိုင်ငံတော်နှင့် ပြည်သူ့အကျိုးအဓိကထားမျှော်မှန်းကာသစ္စာရှိရှိ၊ တာဝန်သိသိဆင်ခြင်တုံတရားရှိရှိ၊ ကျေပွန်စွာထမ်းဆောင်သွားကြပါရန်တိုက်တွန်းလိုကြောင်း” စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဒေါဥခူ (မူလွန်) ကျောင်းနှင့် အ.မ.က (မင်းစု) ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေမှုနှင့် ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅)ကို ယနေ့ နံနက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဓာတ်ခွဲကျွမ်းကျင်-၄ သင်တန်းဖွင့်ပွဲ လွိုင်ကော်မြို့တွင် ကျင်းပ

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဓာတ်ခွဲကျွမ်းကျင်-၄ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်က ခုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းက အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ကယားပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးရှေးရှု၍ ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးသည့်သင်တန်းဖြစ်ကြောင်း၊ ပြည်နယ်၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ အလွန်အရေးကြီးသော အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသော စာတွေ့လက်တွေ့လုပ်ငန်းများအား သေချာလေ့လာဆည်းပူးပြီး သိပ္ပံနည်းကျ၊ တိကျမှန်ကန်သော အဆင့်မြင့်ဓာတ်ခွဲစစ်ဆေးခြင်းများဖြင့် မိမိတို့ပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အောင်မြင်ရေး ဆောင်ရွက်ပေးသွားကြပါရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
Subscribe to ကယားပြည်နယ်