ဘောလခဲ ဇွန် ၄
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နိုင်ငံတစ်ဝန်း၌ ဇွန်လ ၁ ရက်က စတင်ဖွင့်လှစ်ရာ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းတက်ရောက်၍ ပညာသင်ကြားလျက်ရှိသည်။
ဘောလခဲမြို့နယ်တွင် အခြေခံပညာကျောင်း ၅ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ကျောင်းများ စတင်ဖွင့်လှစ်တိုင်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် ခရိုင်နှင့် မြိုနယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား မိဘများစုပေါင်း၍ ကျောင်းဝန်းအတွင်းအပြင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)