ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ် ပွားစေရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်း နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် တောင်ပိုင်းရပ်ကွက် အထက(မယ်စဲ့) ကျောင်းရှေ့၌ ပြုလုပ်သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း (Mask) များ အိမ်တိုင်ရာရောက် အခမဲ့ ဖြန့်ဝေ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ၌ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍ လူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့နံနက်က ဟိုစဲ့ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ် ရွှေစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များထံမှ ဩဝါဒခံယူ

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ် ရွှေစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် များထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့ မြို့နာမ်စေတီတော်ကြီး၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ ကယားပြည်နယ် ဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းများရှိ ဝန်ထမ်း များ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများ အနေဖြင့် သစ်ပင်နှင့် သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ဖော်ဆောင် ပေးရန် ရည်ရွယ်၍

မယ်စဲ့မြို့နယ် သစ်တောဦးစီးဌာနက လူထုဖြန့်ဝေရန်နှင့် စိုက်ပျိုးခင်းများအတွက် ပျိုးပင်များပျိုးထောင် ထားရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်း ကျင် သာယာစိုပြည်စေရေးနှင့် သစ်တောများ ရေရှည်တည်တံ့စေရန်အတွက် ပြန်လည်ပြုစု ပျိုးထောင် ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ ပြည်သူလူထုသို့ ဖြန့်ဝေပေးရန်နှင့် မြို့နယ်အတွင်းရှိ သစ်တောစိုက်ခင်းများအတွက် သစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ်၌ ပျိုးပင်များကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်၌ မြို့နယ်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းမ၌ ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ ရှောင်ရန် ဆောင်ရန်များနှင့် မှတ်သားဖွယ်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၀ နာရီက လမ်းမကြီးတစ်လျှောက်ရှိ လမ်းသွားလမ်းလာသူများနှင့် အခြေခံပညာကျောင်းများသို့ ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ဖြန့်ဝေခဲ့ပြီး စျေးတန်းရပ်ကွက်အခြေခံ ပညာအလယ်တန်းကျောင်းခွဲတွင် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ၂၀၂၁ ခုနှစ် (၂၈) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၁ ခုနှစ် (၂၈) ကြိမ်မြောက် အစိုးရနိ ကာယ်စာမေးပွဲကို ဇွန်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်နိုင်ငံလုံး၌ ကျင်းပမည်ဖြစ်ရာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အစိုးရနိကာယ်စာမေးပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာသိုင်းအခြေခံသင်တန်း(၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(လွိုင်ကော်)မှ ဖွင့်လှစ်သည့် မြန်မာ့ရိုးရာ အခြေခံသိုင်းသင်တန်း(၁/၂၀၂၁) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါ သင်တန်းကျောင်း ၊ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၁ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား ဘောလုံးပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ် လက်ရွေးစင် အမျိုးသားဘောလုံး အသင်းအား အောင်နိုင် ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကော်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကယားပြည်နယ်