ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

လွိုင်ကော် ဇူလိုင် ၂
 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ ကယားပြည်နယ် ဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းများရှိ ဝန်ထမ်း များ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများ အနေဖြင့် သစ်ပင်နှင့် သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ဖော်ဆောင် ပေးရန် ရည်ရွယ်၍ ကယားပြည်နယ်ဦးစီးမှူးရုံး၊ လွိုင်ကော် ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ လွိုင်ကော်၊ ဘောလခဲနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း၊ လွိုင်ကော် စုစုပေါင်း သင်တန်းကျောင်း ၃ ကျောင်း၌ ယနေ့ နံနက်ပိုင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား သက်ဆိုင်ရာ ကျောင်းအလိုက် ကျင်းပပြုလုပ်ခဲ့သည်။
 
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင်ပင် (၂၅၀)ပင်၊ နှစ်ရှည်ပင် (၁၀၀)ပင်၊ အရိပ်ရ လေကာပင် (၄၀၀)ပင် စုစုပေါင်း (၇၅၀)ပင် စိုက်ပျိုးခဲ့ ကြောင်း သိရသည်။
 
စိုးလှိုင်ဌေး