ရှားတောမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကယား၊ မြန်မာ နှစ်ဘာ သာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ရှားတော   ဖေဖော်ဝါရီ      ၁၇

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်နှင့် ညွှန်ကြားချက်များ အား ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀)နာရီအချိန်၌ အောင်ချမ်းသာရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယခုအချိန်၌ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြား လာနေပြီဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေးအတွက် ရှားတောမြို့နယ်အတွင်း နေထိုင်ကြသော မိဘပြည်သူ များအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ လိုအပ်၍ ပြင်ပကို ထွက်ခွာသွားလာပါက ပါးစပ် နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်း ဈေးဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ တစ်စုံတစ်ရာ ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စကကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ပါးစပ် နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးညွှန်ကြားချက်များကို မိဘပြည်သူများအနေ ဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို  လှည့်လည် အသိပေးနှိုးဆော်ခဲ့သည်။

မြို့နယ်(ပြန်/ဆက်)