မယ်စဲ့မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မယ်စဲ့   မတ်   ၂၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးအောင်ကျော်သန်းက ကိုဗစ်ကာလကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ရပြီး ယခုနှစ်တွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပသွားမည်ဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြင့် စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေး အားလုံးပူးပေါင်းပါဝင်ပြီး စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာမေးပွဲကာလ လမ်းသွားလမ်းလာပြည်သူများ မြို့ရှောင်လမ်းမှ သွားလာ စေရေး၊ လုံခြုံရေးတာဝန်ချထားရေး အခြေအနေကို တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင် ဗိုလ်မှူး အောင်ခိုင်စိုးတို့က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်