ဖားဆောင်း မတ် ၂၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က ဖားဆောင်းကျောင်းအား မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေးခြင်းများကို ယနေ့ နံနက် ၉ နာရီက မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ များကလိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်၊။
ဖားဆောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က ဖားဆောင်းကျောင်း၌ စာမေးပွဲဖြေဆိုနေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်နှင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးသိန်းဇော်နှင့် တပ်ဖွဲ့ဝင်များက အ.ထ.က ဖားဆောင်းကျောင်းတွင် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ အသင့်ထားရှိရေး ဆောင်ရွက်ချက်များကို လိုက်လံကြည့်ရှု စစ်ဆေးမှာကြားခဲ့ကြကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က ဖားဆောင်းကျောင်းတွင် စာစစ်ဌာနတစ်ခုဖြင့် ဖြေဆိုမည့်ဦးရေမှာ ( ၅၆)ဦးရှိကြောင်းနှင့်(၃၁-၃-၂၀၂၁ ရက်နေ့မှ၉-၄-၂၀၂၂)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)