ကယားပြည်နယ်

မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဌာန၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ကြစေရန်နှင့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့သည်။

၂၀၂၂‌ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဋ္ဌမမြောက်နေ့ သမိုင်း ဘာသာရပ်ကို အေးချမ်းစွာဖြေဆို

၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ အဌမနေ့တွင် သမိုင်းဘာသာရပ်ကို ကယားပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆိုလျက်ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၁-၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့ကို အ.ထ.က(မယ်စဲ့) စာစစ်ဌာန၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒ ဘာသာရပ်ဖြေဆို

ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်အသီးသီးရှိ စာစစ်ဌာန (၄) ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ နေ့မှစတင် ဖြေဆိုလျက်ရှိရာ (စတုတ္ထနေ့)တွင် ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၃၆၇) ဦး ဆက်လက်ဖြေဆိုကြောင်း သိရသည်။

ဘောလခဲမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ (သင်္ချာ) ဘာသာရပ်အား ဆက်လက်ဖြေဆို

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ (သင်္ချာ) ဘာသာရပ်ကို အ.ထ.က(ဘောလခဲ) စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ အေးချမ်းစွာ ဖြေဆို လျက်ရှိကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက စောင့်ကြပ်လျက်ရှိပြီး ကျန်းမာရေးဌာနကလိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အတွက် လည်း ပြင်ဆင်စောင့် ရှောက်ပေးလျက်ရှိသည်။

ကယားပြည်နယ်ရှိ စာစစ်ဌာန(၄)ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (တတိယနေ့) သင်္ချာ ဘာသာရပ်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၅၇၅ )ဦးရှိ

ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း နှင့်မယ်စဲ့မြို့နယ်အသီးသီးရှိ စာစစ်ဌာန (၄)ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ နေ့မှ စတင် ဖြေဆိုလျက်ရှိရာ (တတိယနေ့)တွင် သင်္ချာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၅၇၅) ဦးဆက်လက်၍ အေးချမ်းစွာဝင်ရောက်ဖြေဆိုလျက်ရှိသည်။

လွိုင်ကော်မြို့ မှုံပြာကျေးရွာတွင်ပြန်လည်နေထိုင်မည့်ပြည်သူများနှင့်တွေ့ဆုံ

လွိုင်ကော်မြို့နယ်၊ပန်ကန်းကျေးရွာအုပ်စု၊မှုံပြာကျေးရွာတွင်ပြန်လည်အခြေချနေထိုင်မည့်ပြည်သူများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် စျေးပိုင်းရပ်ကွက်ရှိ ဥတ္တရာရုံ ဘုန်းကြီးကျောင်း၌ပြု လုပ်ခဲ့သည်။

ကယားပြည်နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် စတင်ဖြေဆို

၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲကို ယမန်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ဖြေဆိုရာ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း နှင့်မယ်စဲ့မြို့နယ် အသီးသီးရှိ စာစစ်ဌာနများတွင်လည်း စတင်ဖြေဆိုလျက်ရှိသည်။

ကယားပြည်နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ နေ့မှစတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ဖြေဆိုရာ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ် အသီးသီးရှိ စာစစ်ဌာနများတွင်လည်း စတင်ဖြေဆိုလျက်ရှိသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုနေမှုအား သွားရောက် ကြည့်ရှုအားပေး

၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ဖြေဆိုရာ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဘော်လခဲ၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင်လည်း စတင်ဖြေဆိုလျက်ရှိသည်။
Subscribe to ကယားပြည်နယ်