ကယားပြည်နယ်

ဖား​ဆောင်းမြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းများ အရှိန်အဟုန်မြှင့် ​ဆောင်ရွက်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ကိုဗစ်-၁၉ ​ရောဂါကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ် တုံ့ပြန်​ရေး​ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွား​နေ​သော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇ​ပြောင်း​ရောဂါပိုး အိုမီခရွန်​စောင့်ကြပ်ထိန်းချုပ်နိုင်​ရေးနှင့် ​ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ​နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အချိန်တိုင်း ပါးစပ်နှင့် နှာ​ခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အ​လေ့ အကျင့်​ကောင်းများ ဆက်လက်လိုက်နာကျင့်သုံး​စေ​ရေး ရည်ရွယ်၍ ယ​နေ့နံနက် (၉)နာရီ အချိန်မှ စ၍ ပူး​ပေါင်းအဖွဲ့ဖြင့် Mask Campain ပြုလုပ်၍ (Mask)များကို (အခမဲ့)ဖြန့်​ဝေ​ပေးခဲ့​ကြောင်းသိရသည်။

ဖားဆောင်းမြို့နယ် ​​မြို့​​​ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာ၊ ရှမ်း၊ ကယားသုံးဘာသာဖြင့် အသိပညာပေး နှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်​ စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ မြို့​ပေါ် ရပ်ကွက်များတွင် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် ​ လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ် အစိုးရအဖွဲ့က ပြည်သူများအား အခြေခံစားကုန် ၊ အဝတ်အထည်နှင့် နှာခေါင်းစည်း (Mask) များလှူဒါန်း

ကယားပြည်နယ် အစိုးရအဖွဲ့က လွိုင်ကော်မြို့နေ ပြည်သူများအား အခြေခံစားကုန်၊ အဝတ်အထည်နှင့် နှာခေါင်းစည်း (Mask) များ ပေးအပ် လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကယား၊ မြန်မာ နှစ်ဘာ သာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွသစ် အိုမီခရွန်ရောဂါ ကူးစက် မှုမှကာကွယ်နိုင်ရန်နှင့် ညွှန်ကြားချက်များ အား ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀)နာရီအချိန်၌ အောင်ချမ်းသာရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်၌ ​အသက်(၅၀)နှစ်အထက် ပြည်သူများ၊ နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး Booster Dose ထပ်မံထိုးနှံ​ပေး​

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး COVISHIELD ထိုးနှံပြီးသည့် (၆)လအထက်ရှိ အသက်(၅၀)နှစ်အထက် နိုင်ငံဝန်ထမ်းများ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာ​ရေးဝန်ထမ်းများ၊ ပညာ​ရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉​ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉​ ရောဂါ အန္တရာယ်ကင်း​ဝေး​စေ​ရေးအတွက် ယ​နေ့ နံနက် (၈)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမား​ရေးဦးစီးဌာန၌ Booster Dose ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး ထပ်မံထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။

ဖားဆောင်းမြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် အတွက် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ကယား ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ (အိုမီခရွန်) ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် Mask Campaign ပြုလုပ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြည်သူများအနေဖြင့် အပြင်သို့သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာမှုရှိစေရန် ဌာန ဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက် ၈ နာရီမှ နံနက် ၉ နာရီအထိ သီရီမင်္ဂလာဈေး (တောင်ဈေး)တွင် Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်း (Mask)များ ပေးဝေခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မယ်စဲ့မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
Subscribe to ကယားပြည်နယ်