လွိုင်ကော် ဇွန် ၃
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ကျောင်းနေအရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အစီစဉ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို နံနက် ၉ နာရီမှ စတင်ကာ အခြေခံပညာအထက်တန်းကျောင်း ၊ အလယ်တန်းကျောင်း ၊ မူလတန်းကျောင်းများ၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ထိန်းသူ မိဘသဘောတူညီချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း၊ အခြားသော ရောဂါ ရှိ/မရှိ မေးမြန်းခြင်း သွေးပေါင်ချိန်များ တိုင်းတာပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမတို့က ဝိုင်းဝန်းပူးပေါင်းကူညီပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)