နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၈ ရက်နေ့နံနက်က သီရိမင်္ဂလာဈေးသစ် နှစ်ထပ်ဆောင်ခန်းမ၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များနှင့်တွေ့ဆုံသည်။ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်အမှုဆောင်အရာရှိက ဈေးသစ်တည်ဆောက်ပြီးစီးမှုနှင့် ဈေးရုံသစ်များ တည်ဆောက်လျက်ရှိသည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။