ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး
ဒေသဖွံ့ဖြိုးရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုနှင့် လွိုင်ကော်တက္ကသိုလ် အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်းများ တိုးတက်မှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။