ဘောလခဲ ဇန်နဝါရီ ၂၈
ကယားပြည်နယ်၊ ဘောလခဲမြိုနယ်၌ ယနေ့နံနက်ပိုင်းက နယ်မြေဒေသအခက်အခဲများကြောင့် ယာယီပိတ်ထားသည့် မြို့နယ်ပြည်သူ့ဆေးရုံပြည်လည်ဖွင့်လှစ်နိုင်ရေးနိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်သည်။
မြို့နယ်ပြည်သူ့ဆေးရုံ၌ သန့်ရှင်းရေးပြုလုပ်ရာတွင် ဆေးရုံအတွင်း ဆေးပေးခန်း၊ လူနာဆောင်များ၊ စတိုခန်းများ၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရွံနွံများဆေးကြောခြင်းနှင့် ဆေးရုံပတ်ဝန်းကျင်အတွင်း အမှိုက်များရှင်းလင်းခြင်းတို့ ပြုလုပ်ကြသည်။ အဆိုပါ ပြည်သူ့ဆေးရုံသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းကို ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြသည်။
ထို့နောက် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရှမ်းပိုင်းနှင့် ကယားပိုင်းရပ်ကွက်များတွင် နေထိုင်သည့် အသက် (၈၀) ကျော် အဘိုးအဘွားများအား ဆန်နှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်