ကချင်ပြည်နယ်

မိုးကောင်းမြို့ နန့်ရင်းချောင်းရေ စိုးရိမ်ရေအမှတ်အထက်မှာ ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နန့်ရင်းချောင်းရေအမှတ် (၆၂၉) စင်တီမီတာ ရောက်ရှိနေပြီး ချောင်းနှင့်ထိစပ်သည့် အလယ်ရပ်အောက်ချိုင့်၊ နန့်ရင်းရပ်ကွက်၊ ကျွန်းတောရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်နှင့်နတ်ကြီးကုန်းရပ်ကွက် မြေနိမ့်ပိုင်းတွင် စုစုပေါင်း အိမ်ခြေ (၁၀၀၀) ကျော်ခန့် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့၊ ရွှေပြည်သာရပ်ကွက်အတွင်း အားဆာ ကျေးရွာသွားလမ်းတွင် ဒုတိယအကြိမ် ၂၀၂၆ ခုနှစ်၊ မိုးရာသီ(ပြည်နယ်အဆင့်) စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

၂၀၂၆ ခုနှစ်၊ မိုးရာသီ(ပြည်နယ်အဆင့်) ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်၊ အားဆာကျေးရွာသွားလမ်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။

ပူတာအိုမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မိုးရာသီကျရောက်လာပြီဖြစ်သဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်လာပါက ခရိုင်/မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ကြိုတင်စုဖွဲ့ထားရှိသောအဖွဲ့များဖြင့် အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်ရှိ နမ်ထွမ်ချောင်း သံကူကွန် ကရစ်တံတား၌ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

မိုးကောင်းမြို့နယ် သမဝါယမအသင်းစု(လိမိတက်)မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (သက်တံ့ရောင်စီမံကိန်း) ဖြင့် အသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် သမဝါယမဦးစီးဌာနနှင့်မြို့နယ် အသင်းစုတို့မှ ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် အသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲကို အောင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပသည်။

ဖားကန့်မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ Placement test (အထူး) အစီအစဉ် စာမေးပွဲဆက်လက်ဖြေဆိုလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် (၂၀၂၁-၂၀၂၂) ခုနှစ် ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းအဆင့်နှင့် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ Placement test (အထူး) အစီစဉ် စာမေးပွဲကို ယနေ့နံနက်ပိုင်းက ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့ ပြည်သူ့ဆေးရုံတွင် ပြည်သူအတွက် ပထမရက် ၁၀၀ အထိမ်းအမှတ် ပူတာအိုခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ (အခမဲ့)ကွင်းဆင်းဆေးကုသမှုဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ဒေသခံပြည်သူများ ကျန်းမာရေးစစ်ဆေးကုသခြင်းများ ခံယူနိုင်ရန်အတွက် ပြည်သူအတွက် ပထမရက် ၁၀၀ အထိမ်းအမှတ် ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ (အခမဲ့)ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မချမ်းဘောမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်လျက်သည်။

ရွှေကူမြို့၌ ရေးဘေးအန္တရာယ်နှင့် ရေပြင်ကယ်ဆယ်ရှာဖွေရေး ဇတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ရေးဘေးအန္တရာယ်နှင့် ရေပြင်ကယ်ဆယ်ရှာဖွေရေး ဇတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ဇွန်လ ၁၉ ရက် နံနက် (၁၀)နာရီခန့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မြို့နယ်အား က စားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ရဲမှူးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးစံ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များက  တက်ရောက်ကြည့်ရှု၍ အားပေးခဲ့ကြကြောင်း သိရသည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ရှိ ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်လာစေရန်ရည်ရွယ်၍ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

မချမ်းဘောမြို့ အလကမြို့မကျောင်း၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ပြည်သူ့အစိုးရ၏ ပထမရက်(၁၀၀) လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အလကမြို့မကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ 
Subscribe to ကချင်ပြည်နယ်