မချမ်းဘောမြို့တွင် ကျန်းမာရေးအသိပညာပေးနှင့် အာဟာရကျွေးမွေးခြင်း ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးခြင်း၊ အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။