ကချင်ပြည်နယ်

ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း မြစ်ကြီးနားမြို့၌ စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်‌ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း အင်ဂျန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မြစ်ကြီးနားမြို့ သောင်ဦးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရမထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲသဘင်အခမ်းအနားသို့ တက်ရောက်ကြည်ညိုပူဇော်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အရှေ့လယ်ကုန်းရပ်ကွက်အတွင်းရှိ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ မထေရ်မြတ်ကြီး သက်တော် (၈၆)နှစ်၊ သိက္ခာတော် (၆၆)ဝါ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇော်ပွဲသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ကြည်ညိုပူဇော်ကြသည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများ မြစ်ကြီးနားမြို့၌ ကျင်းပ

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ် သည့် ကျပန်း၊ ပုံပြင်ပြောနှင့် စာစီစာကုံးပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့နယ် မရင်းကုန်း-ဇီးဖြူကုန်း-ညောင်ကုန်းကျေးရွာချင်းဆက် မြေသားတာဘောင်တင်ခြင်းနှင့် ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော မရင်းကုန်း-ဇီးဖြူကုန်း-ညောင်ကုန်း ကျေးရွာချင်းဆက်လမ်းအား မြေသား တာဘောင်တင်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံလော်ဝေါ်သာသနာဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ယာယီတိမ်းရှောင်ပြည်သူများအား တွေ့ဆုံပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁၁)အတွင်းရှိ အင်ဂျန်ဒုံ လော်ဝေါ်သာသနာဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာမှ ယာယီ တိမ်းရှောင် အိမ်ထောင်စုများနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ဆီထွက်သီးနှံ၊ စပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ညှိနှိုင်းဆွေးနွေး၊ နေရပ်စွန့်ခွာပြည်သူများအား ရိက္ခာထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့ အတွက် နွေစပါး/မိုးစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့ တာဝန်ရှိသူများနှင့် အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တတိယအကြိမ်မြောက် တိုင်းရင်းသားရေးရာဝန်ကြီး ဖလား၊ မျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အသင်းများအား အားကစားဝတ်စုံနှင့် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများအားလုံးအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ညီအစ်ကိုသားချင်းစိတ်ဓာတ်ကို မြှင့်တင်နိုင်ရန်အတွက် တတိယအကြိမ် မြောက် ကျင်းပပြုလုပ်မည့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသား ဘောလုံး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းများအား အားကစားဝတ်စုံနှင့် ထောက်ပံ့ငွေ များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်း ပပြုလုပ်သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့၌ ကျင်းပပြလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာ ရီခွဲက မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ)ရပ်ကွက် အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်း ခန်းမ၌ ကျင်းပရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်သည်။
Subscribe to ကချင်ပြည်နယ်