ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ လှူဒါန်းထောက်ပံ့ပွဲ အခမ်းအနားများသို့ ဝန်ကြီးချုပ် တက်ရောက်အားပေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ သဲဖြူကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်နယ် အတွင်းရှိ ဒေသခံမျက်စိရောဂါဝေဒနာ ခံစားနေရသူများအား စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။