ဖားကန့်မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ Placement test (အထူး) အစီအစဉ် စာမေးပွဲဆက်လက်ဖြေဆိုလျက်ရှိ

ဖားကန့် ဇွန် ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် (၂၀၂၁-၂၀၂၂) ခုနှစ် ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းအဆင့်နှင့် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ Placement test (အထူး) အစီစဉ် စာမေးပွဲကို ယနေ့နံနက်ပိုင်းက ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် စာစစ်ဌာန(၄)ခုဖြင့် Placement test (အထူး) အစီအစဉ်အား ယနေ့ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် (၄၈၅) ဦး၊ ကာမိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် (၂၃၄)ဦး၊ ဆိပ်မူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် (၆၇၄) ဦးနှင့် လုံးခင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် (၃၀၈) ဦးတို့ ဖြေဆိုလျက်ရှိပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၇၀၁) ဦးတို့ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ Placement test(အထူး)အစီစဉ်အား ဇွန်လ (၁၅) ရက်နေ့မှစတင်ကာ (၂၀) ရက်နေ့အထိ ဘာသာရပ်အလိုက် ဆက်လက်ဖြေဆိုသွားမည်ဖြစ်ပြီး ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးနွယ်နှင့် သက်ဆိုင်ရာ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)