ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ မြို့/ရွာများ စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်များပိုမိုစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ အင်္ဂလီကန်အသင်းတော်အတွက် ကောက်ဦးအလှူအဖြစ် ဆန်နှင့် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်း
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့/ရွာများ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။