ကချင်ပြည်နယ်

ချီဖွေမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများရရှိစေရေး၊ ဉာဏ်ပညာမြင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ တည်ဆောက်သွားမည့် ယာယီကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းလျာထားမြေနေရာအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး အခြေခံအဆောက်အအုံများဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေး ဘဏ္ဍာနှစ်အလိုက် စီမံကိန်းလုပ်ငန်းများ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိရာ မြို့တော်မြစ်ကြီးနားမြို့တွင် ယာယီကုန်တင်ယာဉ်ကြီးများ ရပ်နား၍ ကုန်တင်ကုန်ချပြုလုပ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် လျာထားမြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကချင်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပွဲတော်အား တက်ရောက်ဖွင့်လှစ်ပေး

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကချင်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူ အင်အားများစွာဖြင့် ယမန်နေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ပြည်နယ်ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပြုလုပ်သည်။

မိုးကောင်းမြို့၌ နန့်ခွင်ရေလွှဲဆည်အသစ်ဆောက်လုပ်ရာတွင်ပါဝင်သွားခဲ့သည့် လယ်ယာမြေ ဧရိယာများအတွက် နစ်နာကြေးနှင့်လျော်ကြေးငွေပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ မိုးကောင်းမြို့နယ်အတွင်းရှိ နန့်ခွင်ရေလွှဲဆည်အသစ် ဆောက်လုပ်ခြင်းဆောင်ရွက်ခဲ့ရာ ဆည်မြောင်းတစ်လျှောက်တာရိုး၊ ကားလမ်းဖောက်လုပ်ခဲ့ရာတွင် ပါဝင်သွားသော တောင်သူ(၁၄)ဦး တို့၏လယ်ယာမြေဧရိယာများအတွက် နစ်နာကြေးနှင့်လျှော်ကြေးပေးဆောင်သည့် အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာ(၂၀)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဗန်းမော်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်ရုံးများမှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ငွေကျပ်သိန်း (၁၀၀)အား ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ နေထိုင် စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးလျက်ရှိရာ ဗန်းမော်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ယမန်နေ့ မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ စွမ်းရည် ပြသမှုကို ကြည့်ရှုအားပေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၄)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကိုကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမ၌ နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

မြစ်ကြီးနားမြို့တွင် ခန်းမဆောင်သစ်ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် ပိုးစာ (၁) နယ်မြေရှိ လီဆူခရစ်ယာန် အသင်းတော်တွင် တည်ဆောက်ပြီးစီးသွားသည့် ခန်းမ ဆောင်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ခန်းမဆောင်ရှေ့တွင် ကျင်းပပြုလုပ်ရာ လီဆူခရစ်ယာန်အသင်းတော်မှ ဆရာယေးဖားလေး ဦးဆောင် သည့်အဖွဲ့မှ သခင်ခရစ်တော်ထံသို့ ဆက်ကပ်ဆုတောင်းပြီး ခန်းမဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။

ဗန်းမော်မြို့တွင် (၂၆) ကြိမ်မြောက် ဗန်းမော်ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင် မိသားစုများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၂၆) ကြိမ်မြောက် ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အလှူရှင်မိသားစုများ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲခန့်က မင်းကုန်းရပ်ကွက်၊ ဇေယျမင်္ဂလာ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားတက္ကသိုလ် ၂၀၂၃ ပညာသင်နှစ်အဝေးသင် တတိယအသုတ် ဝိဇ္ဇာဘာသာရပ်စာမေးပွဲ‌ ဖြေဆိုပြီးစီး

မြစ်ကြီးနားတက္ကသိုလ် ၂၀၂၃ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် တတိယအသုတ် (နောက်ဆုံးအသုတ်) ဝိဇ္ဇာဘာသာရပ်စာမေးပွဲ‌ကို ယနေ့က ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ကျင်းပပြုလုပ်သည့် စာပေဗဟုသုတဆိုင်ရာ အသိပညာပေး စာပေဟောပြောပွဲနှင့် (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်၊ တန်ဆောင်တိုင် ပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် လူငယ်လူရွယ်များ အတွေးအခေါ်၊ အသိပညာနှင့် စိတ်ဓာတ်ရေးရာ တိုးတက်မြင့်မား စေရေးအတွက် ကချင်ပြည်နယ်အစိုးရဖွဲ့က စီစဉ်ကျင်းပ ပြုလုပ်သည့် စာရေးဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ)၏ စာပေဗဟုသုတဆိုင်ရာ အသိပညာပေးဟော ပြောပွဲကို မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီခွဲ အဆိုပါ စာပေဟောပြောပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်