ရွှေကူမြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများအား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြှင့်တက်မှုကြောင့် ရေကြီးနှစ်မြုပ်၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့်အိမ်ထောင်စုများအား ယနေ့နံနက် ၁၀ နာရီခန့်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။