ကချင်ပြည်နယ်

ရွှေကူမြို့နယ်အတွင်း ရေတိုက်စား၍ နေအိမ်ဖျက်သိမ်းပြောင်းရွှေ့ရသည့်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များထောက်ပံ့

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာအုပ်စု၊ ကျွန်းတော်ကျေးရွာ၌  ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် ရေကြီးနစ်မြုပ်၍ နေအိမ်အချို့ရေတိုက်စားခြင်းကြောင့် ပြောင်းရွှေ့ရသည့်အိမ်ထောင်စုများ၊ ဖျက်သိမ်းပြောင်းရွှေ့ရသည့်အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ  ယမန်နေ့နံနက် ၉ နာရီခန့်ကသွားရောက်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခဲ့ကြောင်း သိရ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် စီတာပူရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးပြီး စားသောက်ကုန်များ ထောက်ပံ့

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့၌ စံချိန်တင်မြစ်ရေ ကြီးမြင့်မှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများအား ရေ‌‌ဘေးရှောင်စခန်းများ ဖွင့်လှစ်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ (၃) နာရီက စီတာပူရပ်ကွက် ဆွတ်ငိုင်တောင်စခန်း၌ သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။

ဗန်းမော်မြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန်နှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေး ဟောပြောပွဲနှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့လယ် (၁) နာရီတွင် သုခဝတီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်ပြည်သူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက တက္ကသိုလ်ရှိ ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပသည်။

ဗန်းမော်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များက ရေဘေးသင့်ပြည်သူများအား သောက်ရေသန့်များ၊ ထမင်းဘူးများလှူဒါန်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများက ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား သောက်ရေသန့်များ ထမင်းဘူးများကို ယနေ့နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မိုးကောင်းမြို့နယ် ၂၀၂၄ ခုနှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့သည့် ကျောင်းသား/ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၄ ခုနှစ် Grade-12 တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီး မြှင့်ပွဲကို မိုးကောင်းမြို့တော်ခန်းမ၌ ဇူလိုင်(၇)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။

ဗန်းမော်မြို့ “အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး၊  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူလူငယ်များ စာကြည့်တိုက်များကို အသုံးပြုတတ်စေရန်ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ဇူလိုင်လ ၈ ရက် နံနက် (၉) နာရီခန့်က “အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဝန်ကြီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၊ မြစ်ကြီးနားမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်းသို့ ရောက်ရှိစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ရမှု အခြေအနေများ၊ ပြည်နယ်အစိုးရက ဆောင်ရွက်နေသော ရေဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုအခြေ အနေများ၊ ဝန်ထမ်းများ၏နေထိုင်တာဝန် ထမ်းဆောင်မှုအခြေအနေများကို မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ငါးသေတ္တာဘူး(၂၀၀)နှင့် ထောက်ပံ့ ငွေ(၁,၈၆၀,၀၀ဝိ)ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ရွှေကူမြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများအား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ‌ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြှင့်တက်မှုကြောင့် ရေကြီးနှစ်မြုပ်၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့်အိမ်ထောင်စုများအား ယနေ့နံနက် ၁၀ နာရီခန့်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ အဝေးသင်သိပ္ပံအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ် ၂၀၂၄ ပညာသင်နှစ် အဝေးသင်သိပ္ပံအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဇူလိုင် (၆)ရက်နံနက်(၉)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်