ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းအတွက် စိုက်ပျိုး မွေးမြူရေး၊ သမဝါယမနှင့် ကုန်ထုတ်လုပ်မှုစီမံကိန်း လုပ်ငန်းပေါင်း (၁၆၀) ယူနစ်ကျော်အတွက် မတည်ငွေကျပ်သန်း (၇၀၀၀) ကျော် ထုတ်ချေးထားနိုင်ခဲ့ပြီဖြစ်
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၈) ဘီလီယံကို ရင်းနှီးမတည် ပေးခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေပထမနှစ်စက်ဝန်းကို အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပြီး ယခုနှစ်အတွက် ရန်ပုံငွေဒုတိယနှစ်စက်ဝန်းတွင် လုပ်ငန်းစီမံကိန်းယူနစ်ပေါင်း (၁၆၀) အတွက် ငွေကျပ် သန်းပေါင်း (၇၀၀၀) ကျော်ဖြင့် ထပ်မံမတည်လည်ပတ်လျက်ရှိကြောင်း ဇူလိုင်လ (၃) ရက် ညနေ (၃) နာရီက ကျင်းပပြုလုပ်သည့် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။