မိုးညှင်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မိုးညှင်း ဇွန် ၅

၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြို့နယ်သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေနံနက် (၈) နာရီက အ.ထ.က(၂) ကျောင်းဝန်း၌ ကျင်းပသည်။

အဆိုပါစိုက်ပျိုးကြရာတွင် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်၊ အပူချိန်လျှော့ချနိုင်စေရန်နှင့် လေကောင်းလေသန့်များရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ အမြင့်နှစ်ပေအထက်ရှိသော အရိပ်ရနှစ်ရှည်အပင်များဖြစ်သည့် ကျွန်းပင်(၁၀၀)၊ ပျဉ်းကတိုး (၁၀၀)၊ ယမနေ (၁၀၀)၊ မန်ဂျန်ရှား (၁၀၀)၊ ကံ့ကော် (၁၀၀)၊ ခရေ (၁၀၀)၊ တောင်တမာ (၁၀၀)၊ ပိတောက် (၁၀၀)၊ ယင်းမာ (၁၀၀)၊ မဟော်ဂနီ (၄၀)၊ စိန်ပန်း (၅၀)၊ ရေတမာ (၅၀)နှင့် အထူးပျိုးပင်များ ဖြစ်သော လောက်ယား (၆၀)၊ စကားဝါ(၂၀၀)၊ သစ်အယ် (၁၀၀)၊ မျောက်ငို (၁၀၀)ပင်နှင့် တောင်တမာ (၂၀၀)ပင် အစရှိသည့် သစ်မျိုး(၁၆)မျိုးပါဝင်သော  ပျိုးပင်စုစုပေါင်း (၁၇၀၀)အား တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းကိုကိုနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသား/သူများက သတ်မှတ်နေရာအသီးသီးတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း