နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်အတွင်း မူလတန်းကြိုကျောင်းများ ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဇမ္ဗူသီရိမြို့နယ်၊ NEGမူလတန်းကြိုကျောင်း၊ Mother မူလတန်းကြိုကျောင်းနှင့် Everest မူလတန်းကျောင်းများသို့သွားရောက်ပြီး ဒုတိယအကြိမ်သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး သည်။