အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း၏ (၂၀၂၅-၂၀၂၆) ခုနှစ်အတွက် တာဝန်ထမ်းဆောင်မည့် အလုပ်အမှုဆောင်များအား လက်ခံတွေ့ဆုံ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း (MTM) ၏ (၂၀၂၅-၂၀၂၆) ခုနှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်မည့် အလုပ်အမှုဆောင်များအား တွေ့ဆုံသည်။