တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင် (ဆင့်ပွား) သင်တန်းဖွင့်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဖွင့်လှစ်သည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်(ဆင့်ပွား)သင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အောင်ဆန်းခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။