နေပြည်တော်ကောင်စီနယ်မြေ

ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေးရှိ ဈေးဆိုင်များအား ရက် ၁၀၀ စီမံချက်ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

နေပြည်တော်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်ဖြင့် ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေးအတွင်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သော အစားအသောက်များ၊ တရားမဝင်နှင့်သက်တမ်းလွန် ဆေးဝါးများ၊ သုံးစွဲရန် မသင့်ကြော်ငြာထားသော ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိကို ဈေးကွက်ထောက်လှမ်း စစ်ဆေးခြင်းများ ဆောင်ရွက်သည်။

ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာရှိ “ဝက်စု လယ်/ ထွေ သမဝါယမအသင်း” တွင် စနစ်ကျသော စိုက်ပျိုးရေးဖော်ဆောင်ရန် ညှိနှိုင်းဆွေးနွေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာဓမ္မာရုံတွင် ဝက်စု လယ်/ ထွေ သမဝါယမအသင်း၊ အသင်းသား (၃၃) ဦး၊ စိုက်ဧက (၁၀၂ ဒသမ ၅၃) ဧကအား စနစ်ကျသော စိုက်ပျိုးရေးဖော်ဆောင်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးအပါဝင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဟောပြောခြင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးအပါဝင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဟောပြောခြင်းကို မေလ (၁၈) ရက်နေ့ နံနက်ပိုင်းက ရှောက်ကုန်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရေး လှည့်လည်ရောင်းချပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အစရှိသည့် စားသောက်ကုန်များအား ဈေးနှုန်းသက်သာပြီး လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရန်အတွက် ယမန်နေ့က နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်သည်။

တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲက အဆိုပါရပ်ကွက်၊ မဟာဇနကစာသင်တိုက်၊ ဗိမာန်တော်တွင် ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ဆင့်ပွား) သင်တန်းဆွေးနွေးပွဲ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုရေးဆိုင်ရာ (ဆင့်ပွား)သင်တန်းဆွေးနွေးပွဲကို မေ ၁၄ ရက်မှ စတင်၍ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၌ လူထုကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဖွင့်လှစ်သည့် လူထုကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်း၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေး ခုတင်-၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်သည်။

တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများရှိ ထွက်ကုန်များစျေးကွက်သို့ အချိန်မီရောက်ရှိစေရန် ကျေးလက်လမ်းများ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူ​မှုစီးပွားဘဝမြင့်မားလာရေးအတွက် ဒေသထွက်ကုန်များစျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ကျေးလက်လမ်းကွန်ယက်များဆောင်ရွက်​ပေးနိုင်ရန်အတွက် ​ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား​ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အောင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ မေ ၁၇ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး   

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဒက္ခိဏသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများစု‌ပေါင်း၍ သန့်ရှင်း‌ရေး ဆောင်ရွက်‌နေမှုများကို ကြည့်ရှုအားပေးသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ