နေပြည်တော် မေ ၁၇
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဒက္ခိဏသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများမှ စုစုပေါင်း၍ ဒက္ခိဏသီရိမြို့နယ်စုပေါင်းရုံးအတွင်းနှင့် ဌာနဆိုင်ရာရုံးပတ်လမ်းဘေး ဝဲ/ယာတစ်လျှောက်တွင် သစ်ပင်ခြုံနွယ်အမှိုက်များ ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဝင်က ဌာနဆိုင်ရာရုံးများနှင့် ပြည်သူလူထုသွားလာတက်သောနေရာများတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြက်ဆောင်ရွက်ရန်၊ လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်များရှင်းလင်းဆောင်ရွက်ရန်၊ အမှိုက်များကိုစနစ်တကျစွန့်ပစ်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)