တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများရှိ ထွက်ကုန်များစျေးကွက်သို့ အချိန်မီရောက်ရှိစေရန် ကျေးလက်လမ်းများ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

တပ်ကုန်း မေ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏   လူ​မှုစီးပွားဘဝမြင့်မားလာရေးအတွက် ဒေသထွက်ကုန်များစျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ကျေးလက်လမ်းကွန်ယက်များဆောင်ရွက်​ပေးနိုင်ရန်အတွက် ​ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား​ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အောင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ မေ ၁၇ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ဒုတိယညွှန်ကြား​ရေးမှူးချုပ် ​ဒေါက်တာထွန်းမြင့်​အောင်နှင့် တာဝန်ရှိသူများ ​​အောင်​မြေရိပ်သာ -​ နောင်ဘိုအိုး - ကံကြီး​ကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဒေသလိုအပ်ချက်နှင့်အညီ ကျေးလက်လမ်းများအားဆောင်ရွက်​ရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်