မင်းဘူးမြို့တွင် မြို့ပြနှင့် ကျေးလက်ဒေသများပါမကျန် ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်ဖွံ့ဖြိုးလျက်ရှိ
ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product)၊ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (One Region One Product) ဟူသောအစီအစဉ်အရ မင်းဘူးမြို့ အမှတ် (၃) ရွာမရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် အိမ်တွင်းလက်မှုလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။