ဥတ္တရသီရိမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဥတ္တရသီရိ စက်တင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန်းယုက မုခ်ဦးပြင်ဆင်ဆောက်လုပ်ရေး၊ ပြိုင်ပွဲအခန်းများ ကြိုတင်ပြင်ဆင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ သက်ဆိုင်ရာတာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်အောင်တို့က ပြိုင်ပွဲတစ်ခုချင်းစီအလိုက် ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ခေါင်းဆောင်ဆရာ၊ ဆရာမများ ကြိုတင်ပြင်ဆင်ထားရှိရေး ဆွေးနွေးပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီ၊  တက်ရောက်လာသည့် ထက်၊ လယ်၊ မူ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို အသီးသီးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့‌ ခေတ္တဥက္ကဋ္ဌ ဦးသန်းယုနှင့် အဖွဲ့ဝင်(၂)ဦးမျိုးချစ်တို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)