နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုအား ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး၊ ရေဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲတက်ရောက်

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုအား ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ စာသင်ကျောင်းများအတွင်း တင်ကျန်နေသော နုန်းများ ဖယ်ရှားဆောင်ရွက်နေမှုနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေတိုက်စားပျက်စီးခဲ့သည့် ကျေးလက်လမ်းများအား ဆက်လက်ပြုပြင်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ကျေးရွာများသို့ ဆက်သွယ်ထားသည့် လမ်းအချို့ ရေတိုက်စား၍ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် အခြေခံပညာကျောင်း ၃၇ ကျောင်း ယာယီပိတ်ထားခဲ့ရာမှ ၃၅ ကျောင်းပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် အခြေခံပညာကျောင်း ၃၇ ယာယီပိတ်ထားခဲ့ရာမှ ၃၅ ကျောင်းပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးကြောင့် သေဆုံးသွားသူများအား ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိကျေးရွာအုပ်စု၊ အင်းသာ(မြောက်) ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ရေကြီးနစ်မြုပ်မှုခံရသောသီးနှံများပြန်လည်ကုစားရန် အသိပညာပေးဆွေးနွေးပွဲတက်ရောက်၊ ရွှံ့နွံများ တင်ကျန်ရစ်သည့် စာသင်ကျောင်းများ ယာယီ နေရာများတွင် ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးဆောင်ကျင်းပသည့် ရေကြီးနစ်မြုပ်မှုခံရသော သီးနှံများ ပြန်လည်ကုစားရန် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ရွှေတောင်ကြားဗိမာန်တော်တွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၄) အစည်းအဝေးတက်ရောက်

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၄)အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီရင်း နှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းများအတွင်း တင်ကျန်နေသော သဲ၊ နုန်းများ ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှု၊ လမ်းများ၊ ရေမြောင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ သာယာစု(အရှေ့)ကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းဝင်းအတွင်း၌ ရေများဝင်ရောက်ခဲ့မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းများဖယ်ရှားရှင်းလင်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဥတ္တရသီရိမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ (ခရိုင်အဆင့်) အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ‌၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ(ခရိုင်အဆင့်) အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သော ကျေးရွာများအား လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ ရေနစ်မြုပ်ခြင်းများ ဖြစ်ပွားခဲ့သည်။

တပ်ကုန်းမြို့နယ်၌ တိုင်ဖွန်းမုန်တိုင်း “ရာဂီ”ကြောင့် မိုးသီးနှံစိုက်ခင်းများ ပျက်စီးမှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျချောင်းရေများ၍ ပွဲစားရေလွှဲဆည်၊ မုန်ဆည်၊ ကင်းသာဆည်များ ကျိုးပေါက်ရေလျှံခြင်းနှင့် နဝင်းချောင်းရေလျှံမှုဖြစ်သဖြင့် မိုးသီးနှံစိုက်ခင်းများ ပျက်စီးမှုဖြစ်ပွားခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ